သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးကြီးကြပ်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၀၈:၅၀) အချိန်တွင် မြင်းခြံမြို့နယ် အမှတ်(၃)ရပ်ကွက် လက်လီဆီကိုယ်စားလှယ် ဦးဘိုဘို(ရွှေဧရာ) အရောင်းဆိုင်မှ သက်သာသော ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုအား သတ်မှတ်ချက် များနှင့်အညီ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းရာတွင် နိုင်ငံတော်မှ စားသုံးသူပြည်သူများ သက်သာ သော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်ပေးသော စားအုန်းဆီများကို လက်လီ အရောင်းများမှ  အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ ၊ လစဉ် ပုံမှန်ရောင်းချပေးမှုရှိ/မရှိ၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့် တစ်အိမ်ထောင်လျှင် သတ်မှတ်ပိဿာများအတိုင်း ရောင်းချနေခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)