ရွှေဘိုခရိုင်ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်အတွင်း မြို့နယ်များရှိ ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

      ဩဂုတ်လ(၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေဦးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူးဦးတင်စိုးနိုင်သည် ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “ကြည်သာဦး” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံပြီး ဆန်၊ စပါးဈေးနှုန်း၊ ဈေးကွက်နှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌လုပ်ငန်းရှင်မှ ရေဦးမြို့နယ်အနေဖြင့် ယခုအချိန်တွင်  ၂၀၂၁-၂၀၂၂ခုနှစ် ထွက်မိုးစပါး ရွှေဘိုပေါ်ဆန်းစပါးမှာ တောင်သူအများစုမှ လွန်ခဲ့သော (၃) လခန့်ကတည်းက ပေါက်ဈေးဖြင့် ရောင်းချကြသောကြောင့် တောင်သူများလက်ထဲတွင် လှောင်ထားသည့်စပါး လက်ကျန်  မရှိသလောက်ဖြစ်နေကြောင်း၊ လက်ရှိစပါး၊ ဆန်ပေါက်ဈေးများမှာ ၂၀၂၁-၂၀၂၂ ခုနှစ်ထွက် မိုးစပါး ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀ဝိ/-)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၁၃၀၀၀၀ဝိ/-)၊ နွေစပါးရွှေဝါထွန်းတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-) ပေါက်ဈေးရှိပြီး  ရွှေဘိုပေါ်ဆန်းဆန် တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၈၀၀၀ဝိ/-)၊ ဧရာမင်းဆန် တစ်တင်းခွဲဝင်တစ်အိတ်လျှင်(၅၈၀၀ဝိ/-)၊ ရွှေဝါထွန်းဆန် တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၃၃၀၀ဝိ/-) ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက ယခုနှစ်တွင် မိုးစပါးရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)နှင့် ဧရာမင်း စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-)ခန့် ဈေးပို၍ပေးဝယ်ရကြောင်း၊ နွေစပါးမှာ ယခင်နှစ်တွင်မိုးရွာသွန်းမှုနည်း၍ ဆည်ရေမရသဖြင့် စိုက်ပျိုးမှုမရှိကြောင်း၊ လက်ရှိအချိန်တွင် မိုးစပါးမှာ ကာလတူထက် စပါးဈေးမြှင့်တက်နေသော်လည်း ပေါပေါများများဝယ်ယူ၍မရဘဲ တောင်သူအနည်းစုမှ မိမိလက်ကျန် စပါးများကို ကြိုက်ရောင်း၊ ကြိုက်ဝယ်အဆင့်သာရောင်းချလျက်ရှိကြောင်း၊ ဈေးသာရှိပြီး စပါးလက်ကျန် မရှိသလောက် နည်းပါးနေသည်ဟုသုံးသပ်ရသဖြင့် မိမိထံတွင် သိုလှောင်ထားသည့် စပါးများကိုသာ အဓိကကြိတ်ခွဲရောင်းချလျက်ရှိကြောင်း၊ နွေစပါးမှာ တစ်မြို့နယ်လုံးအထွက်တင်း၏ သုံးပုံတစ်ပုံခန့် ကျန်ရှိနိုင်သည်ဟု သုံးသပ်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)