
နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လစတုတ္ထပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ်အိတ် လျှင် ၁၈၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၆၈၅၂ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၀၀ဝ ကျပ်နှင့် ၂၁၀ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ် ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှင့် ၁၄၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၅၁၈၅ ကျပ်နှင့် ၅၃၇၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ဆီနေကြာ ယခုနှစ် နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၄၈၂ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)