ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းကြွပ်သီး၊ ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးပင်ကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက်မြိုင် ဈေး၊  သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ် နှင့် ကင်းမုံသီး နို့ဆီ(၁)ဘူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး(၁၀)စီး တစ်ထုံးလျှင်(၃၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီဈေး (၇)တောင့်ပါ၁စီးလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ခရမ်းကြွပ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းကြွပ်သီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)