အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ဈေးမြင့်တက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက် များကို မြို့ပတ်ဝန်ကျင်းရှိ ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် အင်းလေးဒေသတို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး)အလိုက် ကျပ်(၃၀၀၀-၃၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀) ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၅၀၀-၇၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချသည့်အပြင် မိုးတွင်းကာလဖြစ်၍ ရှမ်းပြည်နယ်မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်မားလာသည့်အပြင် ဒေသတွင်းရှိ ပန်း ဂေါ်ဖီနှင့်ဂေါ်ဖီထုပ် စိုက်ခင်းများမှာလည်း  ထွက်ရှိချိန်ကာလမဟုတ်သည့်အတွက် ဈေးနှုန်းမှာမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)