ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ် စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံး ပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်း ဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)