ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို အစဉ်ဂရုပြု ဆောင်ရွက်လျက်ရှိရာ ကျောင်းကုန်းမြို့နယ်တာဝန်ခံသည် (၁၉.၈.၂၀၂၂) ရက်နေ့တွင် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့အတွင်းရှိ TS နှင့် Petroland အစရှိသည့် စက်သုံးဆီဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးဆောင်ရွက်ရာတွင် အလေးချိန်ပြည့်မီစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးတို့ကို အလေးထားစစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းဆိုင်များမှာ သတ်မှတ်ရည်ညွှန်းဈေးနှင့် အချိန်အတွယ်ပြည့်မီစွာ စားသုံးသူပြည်သူများထံသို့ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)