
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးတို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချရကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် သစ်ရာမြိုင်ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းအနေဖြင့် အကြီး တစ်တောင့်လျှင် လက်လီဈေး(၇၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီဈေး(၆၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး နှင့် သခွားသီး ဈေးနှုန်း အနည်းငယ်စီ ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)