မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝဲကလေးကျေးရွာ အထက(ခွဲ)ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၀.၈.၂၀၂၂)ရက် နေ့လယ် (၁၂:၃၀) နာရီတွင် မြောင်းမြမြို့နယ် ဝဲကလေးကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား/သူများ အစားအသောက်နှင့်ပတ်သက်၍ စားသောက်ရန်မသင့်သော အစားအသောက်များအကြောင်း၊ ဓါတုဆိုးဆေးများလွန်ကဲစွာအသုံးပြုထားသောမုန့်များ၊ အချိုရည်များ စားသောက်မိပါက ကျန်းမာရေးဆိုင်ရာဘေးထွက််ဆိုးကျိုးများအကြောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(က)(ဂ)နှင့်(ဆ)တို့ပါကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)