
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကုလားပဲ၊ မောင်မ ခေါ်ပဲ၊ ပဲထောပတ်(အဖြူ/ အနီ)၊ ပဲစာဥ၊ ပဲလွန်း စသည့်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲထောပတ်ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ပဲထောပတ်ကို မင်းလှမြို့ပေါ်ရှိ သီးနှံပွဲရုံများမှတဆင့် ဈေးအတွင်းသို့တဆင့်ပြန်လည် ရောင်းချကြသလို သရက်၊ မင်းဘူး၊ မကွေးနှင့် တောင်တွင်းကြီးမြို့တို့ရှိ ပွဲရုံများမှလည်း မှာယူ ရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲထောပတ်(အဖြူ/ အနီ)(၁)ပြည်လျှင် ကျပ်(၉၂၀၀-၁၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် ပဲထောပတ်(၁)ပြည်လျှင် ကျပ် (၈၅၀၀-၁၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲထောပတ် (၁)ပြည်လျှင် ကျပ်(၇၀၀-၁၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်း ပဲထောပတ်သီးနှံစိုက်ပျိုးမှုမရှိသည့်အတွက် အခြားစိုက်ပျိုးသည့်မြို့နယ်များမှ မှာယူရောင်းချရပြီး မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲကြောင့် သယ်ယူစရိတ်မြင့်တက်လာခြင်းအပြင် ယခု အချိန်တွင် ပဲထောပတ်သီးနှံစိုက်ပျိုးရာဒေသများတွင် စိုက်ပျိုးဆဲကာလဖြစ်ပြီး ပဲအသစ်ထွက်ရှိချိန် မဟုတ်သည့်အတွက် သီးနှံပွဲရုံများတွင် သိုလှောင်ထားသည့် ပဲအဟောင်းများသာ အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)