ဖျာပုံမြို့နယ် စက်သုံးဆီပန့်အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဖျာပုံမြို့နယ် စက်သုံးဆီပန့်အရောင်းဆိုင်များသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍(၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီမှ နေ့လယ်(၁၆:၀၀)နာရီထိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

         အဆိုပါ စက်သုံးဆီပန့်အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဆိုင်များပိတ်ထားမှုမရှိစေရေး၊ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချရေး၊ အချိန်အတွယ်မှန်ကန်ရေးနှင့် စက်သုံးဆီ လက်ကျန်အခြေအနေများအား စစ်ဆေးခဲ့ပြီး ဖျာပုံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း (၁၀)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)