မအူပင်ခရိုင်တွင် စိုက်ပျိုးနေသော သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်

Powered by Drupal

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်များတွင် ပိုက်ဆံလျှော် Sunn Hemp စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင် အနေဖြင့် ပိုက်ဆံလျှော် စုစုပေါင်းစိုက်ဧက (၄၄၀၀) ဧကရှိပြီး၊  ပန်းတနော် (၁၃၅၀)ဧက ညောင်တုန်းမြို့နယ် (၁၄၅၀)၊ ဓနုဖြူမြို့နယ် (၁၆၀၀)ဧက စိုက်ပျိုးကြောင်း သိရသည်။  သစ်စိမ်းမြေဩဇာသည် ကျွဲနွားအစားအစာ၊ လျှော်မျှင်သုံးရန် စိုက်ပျိုးကြကြောင်း သိရသည်။ ကြီးထွားနှုန်းမြန်သော သဘာဝသစ်စိမ်းမြေဩဇာ တစ်မျိုးဖြစ်သည်။ ပိုက်ဆံလျှော်စိုက်ပျိုုးခြင်းဖြင့် မြေဆီလွှာ ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးနိုင်ပြီး မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်သည်။

သစ်စိမ်းမြေဩဇာပြုလုပ်ခြင်း

          မိုးရာသီတွင် သစ်စိမ်းမြေဩဇာပြုလုပ်သည့်စိုက်ခင်းမှာ (၁)ဧကအတွက် Bio Mass (၅.၇)တန် ရှိရမည်ဖဖြစ်သည်။ ရာသီဥတုအခြေအနေကောင်းပါက စိုက်ပျိုးပြီး (၈)ပတ်မှ (၁၂)ပတ်အကြာအတွင်း Bio Mass  (၁၀)တန်လျှင် နိုက်ထရိုဂျင်ပမာဏ (၁၅၀) ကီလိုမီတာဂရမ် အထက် ထုတ်ပေးနိုင်ကြောင်း သိရသည်။  စိုက်ပျိုးပြီး (၄၀-၄၅)ရက်သား ပန်းမပွင့်မှီအချိန် သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။  ပန်းပွင့်ပြီး မျိုးစေ့ဖွံ့ဖြိုးချိန် နိုင်ထရိုဂျင်ထုတ်လုပ်မှု လျော့ကျသည်။  သစ်စိမ်းမြေဩဇာပြုလုပ်လိုပါက စိုက်ပျိုးပြီး (၄၅)ရက် သားသည် အကောင်းဆုံးဖြစ်၍ ထယ်ထိုးပြီး ထွန်မွှေရကြောင်း သိရသည်။

စိုက်ပျိုးခြင်း

   သစ်စိမ်းမြေဩဇာ စိုက်ပျိုးချိန်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မျိုးစေ့ထုတ်စိုက်ပျိုးပါက မြန်မာနိုင်ငံအထက် ပိုင်းဒေသများတွင် မေ၊ ဇွန် နှင့် အောက်ပိုင်းဒေသများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်ပါသည်။ မြေအမျိုးအစား PH ၅-၈.၅ ရှိသော မည်သည့်မြေအမျိုး စားမဆို စိုက်နိုင်ပြီး နုန်းနုမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည် သဲဆန်သော ဒေသများတွင် အခြားသီးနှံစိုက်ပျိုးမရနိုင်ပါက ပိုက်ဆံလျှော်ကို စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ပိုက်ဆံလျှော် စိုက်ပျိုးပါက ၁ဧကလျှင် တန်းကြား (၁)ပေ၊ ပင်ကြား (၄) လက်မ၊ မျိုးစေ့အနေဖြင့် (၂.၅) ပြည်နှုန်း ကြဲပတ်စိုက်ပျိုးပါက (၄.၆)ပြည်နှုန်း သုံးစွဲစိုက်ပျိုးရသည်။  စိုက်ပျိုးပြီး ရက်(၃၀)ကြာ ရေတစ်ကြိမ်သာ သွင်းနိုင်သည်။  မိုးရာသီးတွင် စိုက်ပျိုသော ပိုက်ဆံလျှော်သည်  စိုက်ခင်းမှ တစ်ဧကလျှင် အထွက် (Bio Mass) (၅.၇)တန် ရရှိသည်ဟူ သိရသည်။  မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧက စိုက်ခင်းမှ(၈-၁၀)တင်းနှုန်း ထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးတောင်သူထံ မြေပြင်ကွင်းဆင်းစိုက်ပျိုးလေ့လာမှု အရသိရှိရသည်။

မျိုးစေ့ထုတ်စိုက်ပျိုးခြင်း

  မျိုးစေ့ထုတ်စိုက်ပျိုးမည်ဆိုပါက ၁ဧက လျှင် တန်းကြား(၁.၅)ပေ ၊ ပင်ကြား (၆)လက်မ၊ မျိုးစေ့၊ (၁.၅)ပြည်နှုန်း သုံးစွဲရသည်။  မျိုးစေ့ထုတ်စိုက်ပါက သက်တမ်း ၅လကြာမြ့ကြောင်း ရက်(၁၅၀)တွင် အသီးအတောင့်လေးများ သရေသားကဲ့သို့ ဖြစ်လာပြီး ဖောင်းတင်းနေချိန်တွင် ရိတ်သိမ်းရသည်။ ခန့်မှန်းရက်မှာ အပင်လှုပ်ကြည့်ပါက အသီးတောင့်လေးများ လှုပ်ခါသံကြားလျှင် ရိတ်သိမ်းရန် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

          သီးနှံများအထွက်တိုးစေရန် ဓာတ်မြေဩဇာများ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓါတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓါတုဓါတ်ကြွင်းများကြောင့် လူနှင့် သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုအား ကျော်လွှာနိုင်ရန် သက်တမ်းတိုတိူအတွင်း ကြီးထွားမှုနှုန်းမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏများများ ထုတ်ပ‌ေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းနှင့် Cover Crop (မြေစာပင်) အဖြစ်စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်သည်။

          ပုံမှန်အားဖြင့် ပိုက်ဆံလျှော်သည် ပိုးမွှားကျရောက်မှု အန္တရာယ်နည်းပါး၍ ပိုးသတ်ဆေးသုံးရန်မလိုအပ်ပါ။ နီမတုတ်ရောဂါကျရောက်မှု လျှော့ပေးသည့်အတွက် သီးလှည့်စိုက်ပျိုးပေးနိုင်သည်။ သစ်စိမ်းမြေဩဇာကြောင့် မြေကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများနှင့် တီကောင်များ ပွားများစေပါသည်။ အကျိုးပြုသတ္တဝါများခြင်းကြောင့် အပင်အတါက် အသုံးဝင်သော အဟာရများကို ဖြိုခွဲနိုင်လေလေ ဖြစ်သည်။  နွေရာသီတွင် မြေကြီး အပုချိန်မတက်ရန် ထိန်းပေးနိုင်သည်။ ဆောင်ရာသီတွင် မြေကြီးအပူချိန် အရမ်းကျမသွားအောင် ထိန်းညှိပေးသည်။ ပိုက်ဆံလျှော်အမြစ်သည် မြေကြီး နက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင်အဟာရကို အပေါ်ယံလွှာသို့ သယ်ဆောင်ပေးသည်။  သစ်စိမ်းပင်များပင်တွေက သီးနှံပင်တွေကို ကူညီပေရုံသာမက ပတ်ဝန်းကျင်ကိုပါ ကူညီပေးနိုင်သည်။ သစ်စိမ်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ဓါတ်မြေဩဇာ များများသုံးရန်မလိုအပ်ပါ။ ဓါတ်မြေဩဇာလျှော့သုံးလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင် မြေကြီးနှင့် ရေထဲသို့ ဓါတုအဆိပ်တွေ စီးဆင်းမှု လျော့နည်းသောကြောင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်း ရေးသား တင်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)