ဒေးဒရဲမြို့နယ် အမှတ်(၂)ရက်ကွက် အိုဘိုအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌ဒေးဒရဲမြို့နယ်တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် သြဂုတ်လ(၂၀)ရက်နေ့ တွင် ‌ဒေးဒရဲမြို့နယ်အမှတ်(၂)ရက်ကွက် အိုဘိုအခြေခံမူလတန်းကျောင်း၌ဆရာ၊ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ အစား အသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူ စားသောက်တတ်စေရေးဟောပြောခဲ့ပါသည်။

          ထိုဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးလှဌေးမှအဖွင့်မှာစကားပြောကြားပြီးနောက် ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သောဓါတုပစ္စည်းများအပြင်၊ လူတို့ပြုပြင်ဖန်တီးထားသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးများ၊ပဋိဇီဝဆေးဝါးများအစားအစာများတွင်ပါဝင်လာနိုင်ကြောင်း စားသုံးသင့်သောမူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်းအနံအရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်းကောင်း၊ လှလှပပနှင့်အရသာကို အမျိုးမျိုးပြုလုပ်စားသောက်လာကြ၍လည်းကောင်း၊ အစားအစာများတွင်အန္တရာယ်ရှိသောခွင့်မပြု ဓါတုကုန်ကြမ်းအရောင်ဆိုးဆေးများ ထည့်သွင်းလာမူနှင့် အစားအစာများတာရှည်ခံရန် ဘေးအန္တရာယ်ရှိဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုကိုလည်းကောင်း ၊ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၊ကျောင်းသူ/ကျောင်းသားများအနေဖြင့်အဓိကထုတ်လုပ်သည့် ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲကြည့်ဝယ်ရန် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ စားသုံးရာတွင် စနစ်တကျဆေးကြောစားသုံးရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)