၂၀၃၀ ခုနှစ်တွင် ကုန်သွယ်မှုနှစ်ဆဖြစ်ပေါ်ရန် သမိုင်းတွင် လွတ်သော ကုန်သွယ်ရေးသဘောတူညီမှုကို လက်မှတ်ရေးထိုးလိုက်သည့် အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံ

Powered by Drupal

  အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် လွတ်လပ်သောစာချုပ်ဖြစ်သည့် အိန္ဒိယ-ဗြိတိန်ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် (CETA) ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် အဆိုပါ လက်မှတ်ရေးထိုးမှုကြောင့် အဆိုပါနှစ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ကုန်သွယ်ရေးနှစ်ဆ ဒေါ်လာ ၁၁၂ ဘီလီအထိ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ ပို့ကုန်ဝန်ဆောင်မှုများကို အရှိန် မြှင့်တင်နိုင်ကြောင်းနှင့် အစိုးရဝယ်လိုမှုကို‌ ဖြေလျော့နိုင်ကြောင်း သိရပါသည်။ အဆိုပါ CETA သည် ဗြိတိန်အား အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေး၊ အစားအသောက်ထုတ်လုပ်ရေး၊ ပင်လယ်စာ၊ အထည်အလိပ်၊ အင်ဂျင်နီယာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်၊ ဖိနပ် နှင့် ကျောက်မြတ် ရတနာကဲ့သို့သောလုပ်ငန်းများမှ ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှု ၉၉ ရာခိုင်နှုန်းခန့် လျော့ချရန် ‌ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဗြိတိန်ကုမ္ပဏီများသည်လည်း ကားများ၊ စကော့ဝီစကီ၊ အအေး၊ အာကာသဆိုင်ရာစက်ပစ္စည်းများ၊ လူအသုံးအဆောင် နှင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများကဲ့သို့သော ကဏ္ဍများတွင် စျေးကွက်ဝင်ရောက်မှုများရရှိရန် မျှော်မှန်းထားကြောင်း နှင့် အိန္ဒိယ နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အခွန် ၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်လျော့ချရန် မျှော်မှန်းကြောင်း သိရပါသည်။ ဗြိတိန်နိုင်ငံသည် CETA ရေးထိုးပြီး ၁၀ နှစ်အကြာတွင် အိန္ဒိယနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်းအပေါ် အကောက်ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း နှင့် ကုန်သွယ်မှု လိုင်း ၆၄ လိုင်းမှာ အကောက်ခွန်မဲ့အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)