Amazon ၏ ဒုတိယသုံးလပတ်ကာလ အသားတင်အမြတ်ငွေများ တိုးလာ

Powered by Drupal

   ဇူလိုင်လ ၃၀ ရက်နေ့တွင် Amzon မှ ထုတ်ပြန်သော ဘဏ္ဍာရေး အစီရင်ခံစာအရ ၎င်း၏ အမြတ်ငွေများသည် တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အသားတင်အမြတ်ငွေ ၁၃.၅ ဘီလီယံ ရရှိခဲ့သော Amazon ၏ အသားတင် အမြတ် ‌ငွေများသည် ယခုနှစ်တွင် ၁၈.၂ ဘီလီယံအထိ အမြတ်ငွေများ မြင့်တက်လာကြောင်း သိရပါသည်။ ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်အစီရင်ခံစာအရ Amazon ၏ ရောင်းအားသည် ယခင်နှစ် ကာလထက် ၁၃ ရာခိုင်နှုန်းခန့် စုစုပေါင်း ဒေါ်လာ ၁၆၇.၇ ဘီလီယံအထိ ရရှိခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီ၏ မြောက်အမေရိကအပိုင်းရောင်းအားသည် ၁၁ ရာခိုင်နှုန်းခန့် ဒေါ်လာ ၁၀၀.၁ ဘီလီယံ အထိ ရရှိခဲ့ပါသည်။ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား သည် ၁၆ ရာခိုင်နှုန်းခန့် ဒေါ်လာ ၃၆.၈ ဘီလီယံအထိ ရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ ကုန်သွယ်ရေးအဖွဲ့အစည်းက ပြောကြားခဲ့ပါသည်။ Amazon ၏ ဝက်ဆိုဒ်ဝန်ဆောင်မှု အပိုင်း ရောင်းအားသည် ယခင်နှစ်ထက် ၁၇.၅ ရာခိုင်နှုန်းခန့် ဒေါ်လာ ၃၀.၉ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်စီးဆင်းငွေသည် ၂၀၂၄ ခုနှစ်တွင်  ရရှိခဲ့သော ဒေါ်လာ ၁၀၈ ဘီလီယံနှင့် နှိုင်းယှဥ်ပါက ယခုနှစ်တွင် ဒေါ်လာ ၁၂၁.၁ ဘီလီယံအထိ ရရှိခဲ့ကာ ၁၂ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ Amazon ကုမ္ပဏီမှ အတွင်းရေးမှုး Andy Jassy က ၎င်းတို့အနေဖြင့် ကုမ္ပဏီ၏ တီထွင်ဆန်းသစ်မှု နှင့် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်ပြီး ၎င်းတို့၏ ဖောက်သည်များ အတွက် ပိုမိုအဆင်ပြေချော့မွေ့စေရန်အတွက် AI နည်းပညာကို အသုံးပြုသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

DOCA(ရန်ကုန်)