ကျောက်မီးသွေးဓာတ်ငွေ့ထုတ်လုပ်မှုကို မြင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်ကို ထူထောင်တော့မည့် အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

  အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကျောက်မီးသွေးကို Dimethyl Ether (DME) အဖြစ် ပြောင်းလဲမှု အရှိန်အဟုန် မြင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်များ (SZEs) စတင်ထူထောင်နေပြီ စီးပွားရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး Airlangga Hartarto က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ SZEs မှတစ်ဆင့် အစိုးရသည် အခွန်မက်လုံးများ၊ သွင်းကုန်ခွန်ကင်း လွတ်ခွင့်များ၊ လိုင်စင်နှင့် အလုပ်သမားထောက်ပံ့မှုများ ပံ့ပိုးပေးလျက်ရှိပြီး မြို့ပြအသုံးစရိတ်များ အတွက် ထပ်ပေါင်းခံစားခွင့်များ၊ အထူးသဖြင့် စက်ပစ္စည်းဆိုင်ရာတပ်ဆင်မှုများအတွက် ရရှိနိုင်ကြောင်း သိရပါသည်။ “ဥပဒေသည်အဆင်သင့်ဖြစ်နေပြီး အစိုရသည် SEZ ခံစားခွင့်များကို ထောက်ပံ့ပေးနေကြောင်း” Airlangga က ပြောကြားခဲ့ပါသည်။ အထူးအနေဖြင့် နိုင်ငံပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ PT Pertamina က အဆိုပါစီမံကိန်းများအတွက် ကမ်းလှမ်းသူများ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ “၎င်းစီမံကိန်းသည် အရေးပါကြောင်း နှင့် Dimethyl Ether များအားထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်ငွေ့ထုတ်လုပ်သန့်စင်ခြင်း စီမံကိန်း များစွာ အတွက် SEZ တည်ထောင်မှုအာမခံအခြေအနေများ ရှိနေပြီ ဖြစ်ကြောင်း” ၎င်းက အင်ဒိုနီးရှားနိုင်ငံ သတ္ထုအစည်းအဝေး ၂၀၂၅ တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်း ကို အစိုးရအနေဖြင့် ၂ နှစ်မှ ၃ နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းကြောင်း သိရပါသည်။ ကနဦးခြေလှမ်းသည် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုကို မြှင့်တင်ရန် နှင့် တင်သွင်းလာသော သဘာဝဓာတ်ငွေ့အပေါ် မှီခိုမှုအား လျော့ချရန်ဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)