ဆိပ်ဖြူမြို့ အ.မ.က (ရေလယ်ကျွန်း) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၁၉.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ အ.မ.က(ရေလယ်ကျွန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/မ(၇)ဦး၊ ကျောင်းသား/သူ (၈၂)ဦးတက်ရာက်ခဲ့ကြောင်းသိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းမှ ဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာ တွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များမှာ အရေးပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၉)ပါ စားသုံးသူများတွင် ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များ ရရှိနိုင်ပါကြောင်း ဦးစွာပထမ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          ဆက်လက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ စားသုံးသူများမှ အခွင့်အရေးများသိရှိ ပြီး နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်မည့်သူများ၊ ပြည်နယ်/တိုင်းများနှင့် ခရိုင်ရုံးများတွင် စားသုံးသူနစ်နာမှုများအတွက်"စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ" (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center ဖွင့်လှစ်ထားကြောင်း(1535)ခေါ်ယူ၍ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုအမျိုးအစားများအား ရှင်းလင်းခြင်းနှင့် တိုင်ကြား၍မရသည့်အချက်များအားလည်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/သူမျာအား အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ သိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)