
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို ၊ ကုလားပြချောင်း၊ ကျောက်ဖရုံယို နှင့် မြေပဲယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ရောင်းချနေသော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင် (၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)