သာစည်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

  မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၈.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၂)ဦး (အသက် ၆၀ အထက် ကျား-၁ဦး၊ အသက် ၅၀ အထက် ကျား- ၁ဦး)နှင့် ဦးကိုလေး (ကုန်စုံဆိုင်) ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်း ချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ် များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)