စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်း အပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် (၁၉.၇.၂၀၂၂)ရက်နေ့တွင် ရာမညရပ်ကွက်၊ (၆.၈.၂၀၂၂)ရက်နေ့တွင် ရေကြည်ဦးရပ်ကွက်နှင့် မငြိမ်းလှကုန်းရပ်ကွက်၊ ပပဝတီရပ်ကွက်နှင့် ပန်းဆက် ရပ်ကွက်၊ မြကျွန်းသာနှင့် ကင်မလင်းကျွန်းရပ်ကွက်၊ (၁၆.၈.၂၀၂၂) ရက်နေ့တွင် ကုလားကုန်းဈေးနှင့် မာတရပ်ကွက်၊ (၁၇.၈.၂၀၂၂)ရက်နေ့တွင် ကွမ်းခြံရပ်ကွက်၊ (၁၈.၈.၂၀၂၂)ရက်နေ့တွင် ထုံးဘိုရပ်ကွက် စသည့် ရပ်ကွက်များနှင့် ပေါက်ကုန်းနှင့် ပျဉ်းကတိုးကုန်းကျေးရွာများအား Mobile စနစ်ဖြင့် တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ(၆)လုံး၊ တစ်နေ့လျှင်ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)