
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် စင်ကာပူ၏ တတိယအကြီးမားဆုံး ဆန်တင်သွင်းသူအဖြစ်ရပ်တည်နေကြောင်း စင်ကာပူ၏ Accounting and Corporate Regulatory Authority ထံမှအချက်အလက်အရ သိရပါသည်။ ထို ၆ လတာကာလတွင် စင်ကာပူ သည် စင်ကာပူဒေါ်လာ ၆၀.၉ သန်းတန်ဖိုးရှိသော ဆန်များကို ဗီယက်နမ်ထံမှတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၂၄.၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ တင်ပို့သည့်ဈေးနှုန်းများ ကျဆင်းမှုကြောင့် တန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ၏အဆိုအရ ထို ၆ လတာကာလပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၅၁၇.၅ အမေ ရိကန်ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၈.၄ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း သိရပါ သည်။ စင်ကာပူဈေးကွက်သို့တင်ပို့သည့်ဆန်အမျိုးအစား များတွင် ဆန်ဖြူသည် စင်ကာပူဒေါ်လာ ၃၈.၆ သန်းဖြင့် တန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတကာတင်ပို့သူ ၂၀ ကျော်ထံမှ ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဗီယက်နမ်သည် စင်ကာပူ၏ဆန်ဖြူတင်သွင်းမှုတွင် အိန္ဒိယ နောက်ဒုတိယနေရာတွင်ရပ်တည်နေကြောင်း သိရပါသည်။ ဆန်ဖြူအပြင် ဆန်မွှေးနှင့် ဆန်စေး တင်ပို့မှုမှာလည်း စင်ကာပူဒေါ်လာ ၁၅.၅ သန်းနှင့် စင်ကာပူဒေါ်လာ ၄.၇ သန်းတို့ဖြင့် သက်ဆိုင်ရာကဏ္ဍများတွင် စင်ကာပူဈေးကွက်ဝေစု ၏ ၅၇ ရာခိုင်နှုန်းနှင့် ၆၁ ရာခိုင်နှုန်း အသီးသီး ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် စင်ကာပူသည် စင်ကာပူ ဒေါ်လာ ၂၄၈.၉ သန်းတန်ဖိုးရှိသောဆန်များကို တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၈ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနှင့် ထိုင်းတို့သည် စင်ကာပူ၏ ထိပ်တန်း ဆန်တင်သွင်းသည့် နိုင်ငံများအဖြစ်ရပ်တည်နေပြီး ဗီယက်နမ်ကတတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါ သည်။ စင်ကာပူရှိဗီယက်နမ်ကုန်သွယ်ရေးရုံး၏အဆိုအရ စင်ကာပူ၏ ဆန်တင်သွင်းမှု ဈေးကွက် အရွယ်အစားသည် ဆက်လက်တည်ငြိမ်နေပြီး ဗီယက်နမ် သည် အိန္ဒိယ၊ ထိုင်းနှင့် ဂျပန် တို့ထံမှ ပြင်းထန်သည့်ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရ ပါသည်။ အဆိုပြုထားသည့် နှစ်နိုင်ငံကြားဆန်ကုန်သွယ်ရေးသဘောတူညီချက်သည် အနာဂတ် တွင် စင်ကာပူသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုတည်ငြိမ်စေရန်ကူညီပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါ သည်။
DOCA (ရန်ကုန်)
Vietnam Plus