
ထိုင်းနိုင်ငံ၏ ထိပ်တန်းလက်လီလုပ်ငန်းကြီးဖြစ်သည့် The Mall သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်ရှိ Sunland Incity Mall တွင်ကျင်းပသည့် ၉ ကြိမ်မြောက် Super-V SCPG Hua Hua Festival: Kud-Thai Holiday တွင် ထိုင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါ သည်။ ထိုပွဲတော်သည် တရုတ်နိုင်ငံ၏ရှေ့ဆောင်လက်လီလုပ်ငန်းကြီးဖြစ်သည့် SCPG Group က နှစ်စဉ်ကျင်းပသည့် အဓိကနွေရာသီပွဲတော်ဖြစ်ကြောင်း သိရပါသည်။ ထိုပွဲတော်တွင် တရုတ် ခရီးသွားများကြိုက်နှစ်သက်ကြသည့် သစ်သီးခြောက်များ၊ အချိုရည်များ၊ ရိုးရာထိုင်းအစားအစာ များ၊ ဆန်မုန့်များ အစရှိသည့် ထိုင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ထို့ပြင် elephant pant များ၊ ယပ်တောင်များနှင့် THAITHAI အမှတ်တံဆိပ်မှ ထုတ်ကုန်များအစ ရှိသည့် ထိုင်းဖက်ရှင်ထုတ်ကုန်များကို ပြသခဲ့ကြောင်းလည်းသိရပါသည်။ ရှန်ဟိုင်းပွဲတော်အပြင် SCPG Group သည် ၎င်းတို့၏ နွေရာသီပရိုဂရမ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ပွဲအခမ်းအနားများ ကို များစွာသော အခြားမြို့ များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက် မှုသည် တရုတ်-ထိုင်းကုန်သွယ်ရေးဆက်နွယ်မှုတွင် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး နယ်စပ် ဖြတ်ကျော်လက်လီမဟာဗျူဟာများကို အားသစ်လောင်းပေးနိုင်ခဲ့ကာ တရုတ်နိုင်ငံတွင် ထိုင်း ထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရပါ သည်။ ယခုပွဲတော်မဖွင့်လှစ်မီ Mall Group သည် SCPG Group နှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် ရေရှည်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် နယ်စပ်ဖြတ်ကျော်စီးပွားရေးပရိုဂရမ်များ ပူးတွဲတည်ထောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ The Mall Group ၏ ဥက္ကဌ Supaluck Umpujh က ကုမ္ပဏီ သည် ထိုင်းလုပ်ငန်းရှင်များအားလုပ်ပိုင်ခွင့်များပေးရန်နှင့် ထိုင်းနိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့စင်မြင့်ပေါ် တွင် မြှင့်တင်ပေးရန်ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ထိုပွဲတော် သည် ထိုင်းနိုင်ငံ၏ ပါဝါပျော့နှင့် အကောင်းဆုံးထုတ်ကုန်များကို တရုတ်စားသုံးသူများနှင့် နိုင်ငံတကာခရီးသွားများကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ SCPG Group သည် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့နှင့်ပူးပေါင်း၍ ထိုင်းရိုးရာ ဖျော်ဖြေတင်ဆက်မှုများကို တရုတ် စားသုံးသူများအား တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရပါ သည်။
DOCA (ရန်ကုန်)
Bangkok Post