Vietnam Ad& Fun Week 2025 တွင် အမှတ်တံဆိပ်ပေါင်း ၅၀၀ ကျော်ပါဝင်ဆင်နွှဲ

Powered by Drupal

             ပြည်တွင်းနှင့် နိုင်ငံတကာအမှတ်တံဆိပ် ၅၀၀ ကျော်သည် ၎င်းတို့၏‌ နောက်ဆုံးထုတ်ကုန်များနှင့် နည်းပညာများကို ဟိုချီမင်းမြို့တော်ရှိ Quang Trung Software City တွင် ဇူလိုင်လ ၂၄ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည့်  Vietnam Ad & Fun Week 2025 တွင် ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ ထိုပွဲတော်ကို HCM City Advertising Association နှင့် Dong Nam Advertising and Commercial Promotion JSC တို့က ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းပွဲ‌တော်တွင် ပြခန်းများ၊ ယဉ်ကျေးမှုနှင့်အားကစားဆောင်ရွက်မှုများ၊ အလုပ်အကိုင်ရှာဖွေရေးနှင့် ဆွေးနွေးပွဲတို့ပါဝင်သည့် ကျယ်ပြန့်သောဆောာင်ရွက်မှုများပါဝင်ကြောင်း သိရပါသည်။ ၁၅ ကြိမ် မြောက် Vietnam International Advertising Equipment and Technology Exhibition နှင့် Vietnam Smart Display 2025 ကို ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရပါသည်။ ထိုပွဲ‌တော်တွင် ကြော်ငြာသည့်စက်ပစ္စည်းများ၊ LED နှင့် smart display နည်းပညာ များ၊ printing နှင့် ကြော်ငြာဝန်ဆောင်မှုများပါဝင်ကြောင်းသိရပါသည်။ Vietnam Advertising Association ၏အမြဲတမ်းဒုတိယဥက္ကဌနှင့် HCM City Advertising Association ၏ ဥက္ကဌဖြစ်သူ Nguyen Thanh Dao က ယခုပွဲတော်သည် Global Association of the Exhibition Industry က နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည်ဟု အသိအမှတ်ပြုသည့် ကြော်ငြာပစ္စည်းများနှင့် နည်းပညာပြပွဲဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာဖလှယ်ခြင်း၊ မိတ်ဖက်ရှာဖွေခြင်းနှင့် ၎င်းတို့၏ supplier ကွန်ယက်တိုးချဲ့ခြင်းတို့တွင် အဓိကစင်မြင့်တစ်ခု အဖြစ်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို Vietnam Ad & Fun Week 2025 နှင့် EMA Vietnam 2025 တွင် နိုင်ငံနှင့်ဒေသပေါင်း ၁၀ ခုမှ ပြခန်းပေါင်း ၃၅၀ ကျော်ခင်းကျင်းပြသပြီး ပါဝင်ဆင်နွှဲလျှက်ရှိကြောင်းနှင့် လည်ပတ်သူ ၁၅၀၀၀ ပတ်လည်ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Vietnam Plus