
တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Hyundai Motor ကုမ္ပဏီ၏ အမြတ်ငွေများသည် အမေရိကန်နိုင်ငံမှ အခွန်တိုးမြင့်ကောက်ခံမှု၏ အနုတ် သဘောဆောင်သော အကျိုးသက်ရောက်မှုများကြောင့် ကျဆင်းခဲ့ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ တွင် ထုတ်ပြန်သောကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ဧပြီလနှင့် ဇွန်လကြားကာလ တွင် ၎င်း၏ ဝင်ငွေသည် နှစ်အစမှစ၍ ၇.၃ ရာခိုင်နှုန်းခန့် ဝမ် ၄၈.၂၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၃ ဘီလီယံ) အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ မြင့်တက်မှုသည် ၎င်းကုမ္ပဏီ၏ သမိုင်းတစ် လျောက်တွင် အမြင့်တက်ဆုံးဖြစ်ကြောင်း သိရပါသည်။ ၎င်း၏ လည်ပတ်မှု အမြတ်ငွေသည် ၁၅.၈ ရာခိုင်နှုန်းခန့်၊ ဝမ် ၃.၆ ထီရီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ) အထိ ကျဆင်းခဲ့ပြီး အသားတင်ဝင်ငွေသည် ၂၂.၁ ရာခိုင်နှုန်းခန့်၊ ဝမ် ၃.၂၅ ထီရီယံ (အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ) အထိ ကျဆင်းခဲ့ပါသည်။ ကုမ္ပဏီက ပြိုင်ဆိုင်မှု ပြင်းထန် လာခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး ပတ်ဝန်း ကျင်များ၏ အကျိုးသက်ရောက်မှုများကြား မက်လုံးများ ပိုမိုမြင့်မားလာခြင်းသည် လုပ်ငန်းလည်ပတ် အမြတ်ငွေကို ချိန်တွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Hyundai ကုမ္ပဏီသည် ယူနစ် ၁၀၆၅၈၃၆ ခုကို ဒုတိယသုံးလပတ်ကာလတွင် ကမ္ဘာတစ်ဝှမ်း ကို ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်တူညီသောကာလနှင့် နှိုင်းယှဥ်လျှင် ၀.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်း၏ ပြည်တွင်းမော်တော်ကားရောင်းချမှုသည် ၁.၅ ရာခိုင်နှုန်း ခန့် ယူနစ်ပေါင်း ၁၈၈၅၄၀ ခုအထိ မြင့်တက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံပြင်ပ ရောင်းချမှုသည် ၀.၇ ရာခိုင်နှုန်းခန့် ယူနစ်ပေါင်း ၈၇၇၂၉၆ ခုအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းချမှုသည် ၃၆.၄ ရာခိုင်နှုန်းခန့် ယူနစ်ပေါင်း ၂၆၂၁၂၆ ခုအထိ မြင့်တက်စွာရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)
Source: Xinhua