အီဂျစ်နိုင်ငံတွင် ကားမော်ဒယ်အသစ် ၄ ခု စတင်မိတ်ဆက်လိုက်သည့် တရုတ်မော်‌တော်ကားကုမ္ပဏီ SOUEAST

Powered by Drupal

           တရုတ်နိုင်ငံမော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော SOUEAST သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် အီဂျစ်နိုင်ငံ၌ မော်တော်ကားအသစ်များ စတင်မိတ်ဆက်ခဲ့ပြီး အာဖရိကန် စျေးကွက်တွင် သိသိသာသာ ချဲ့ထွင်မှုများပြုလုပ်နေကြောင်း သိရပါသည်။ အီဂျစ်နိုင်ငံ မြောက်ပိုင်း Alamein မြို့တွင်ဖွင့်လှစ်ခဲ့သော အဆိုပါဖွင့်ပွဲတွင် SUV S09၊ SUV S07၊ SUV S06 နှင့် SUV S05 အမည်ရှိသော ကားမော်ဒယ်အသစ်များကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရပါ သည်။ SOUEAST International ကုမ္ပဏီ၏ လက်ထောက်ဥက္ကဌဖြစ်သော Yuan Anguo သည် အဆိုပါမော်တော် ကားများသည် ယာဥ်မောင်းသမားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းဆွဲထားပြီး စတိုင်အသစ်များ၊ သာယာငြိမ့််ညောင်းမှုများ နှင့် အဆင့်မြင့်နည်းပညာများဖြင့် ပေါင်းစမ်ထုတ်လုပ် ထားကြောင်း သိရပါသည်။ SOUEAST ကုမ္ပဏီ၏ ရည်မှန်းချက်သည် ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များ အား လွယ်ကူစွာရွေ့လျားနိုင်သော မြို့ပြအတွေ့အကြုံများရရှိစေရန် ဖော်ဆောင်ပေးရန် ဖြစ် ကြောင်း နှင့် ၎င်းတို့အနေဖြင့် အီဂျစ်စျေးကွက်တွင် ယုံကြည်မှုခိုင်မာလာစေရန်အတွက် အလေး ထားလုပ်‌ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် SOUEAST ကုမ္ပဏီသည် အ ရောင်းဆိုင် ၁၅ ဆိုင်ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းချမှုအပြီးဝန်ဆောင်မှု စင်တာ ၅ ခု ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် ကားမော်ဒယ်သစ် ၂ ခုအား ၂၀၂၆ ခုနှစ် နှင့် ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီသည် ယခုအခါတွင် နိုင်ငံပေါင်း ၃၀ ကျော်တွင် ကားအ‌ရောင်းဆိုင်ပေါင်း ၁၄၀ ဆိုင်ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုစင်တာများကိုလည်း ကမ္ဘာတစ်ဝှမ်းတွင် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua