
စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ်မှ မြို့နယ်တာဝန်ခံသည် စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ (၂၂.၇.၂၀၂၅)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ MyRO မှတ်ပုံတင် ခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယခင်နှစ်ဇူလိုင်လတွင် မှတ်ပုံတင်ထားရှိပြီး ဆန်စက်လုပ်ငန်းရှင်များမှ သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်စပါးနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်မှု အဖွဲ့အစည်း၊ အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ညှိနှိုင်းဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားနိုင်ပါရန် တင်ပြဆွေးနွေးမှုအပေါ် အသင်းမှ ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)