
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရေကြည်မြို့နယ်တာဝန်ခံသည် (၂၂.၇.၂၀၂၅)ရက်နေ့တွင် အ.ထ.က ကွင်းသုံးဆင့်ကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ထိုဟောပြောပွဲတွင် ကလေးသူငယ်များအား စားသုံးရန်မသင့်သည့် မုန့်အမျိုးမျိုးကို သိရှိအောင် ဟောပြောဆွေးနွေးခဲ့ပြီး သိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်ကို ဦးတည်၍ စားသုံးသူများရထိုက်သည့် အခွင့်အရေးများ၊ ရွေးချယ်ဝယ်ယူနိုင်ခွင့်များနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ကိုလည်း ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)