မြိတ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် (၂၃.၈.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ အမှတ်(၆)၊ အခြေခံပညာ အထက်တန်းကျောင်း(အုန်းတော) သို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားများ၊ သုံးစွဲရန်မသင့်သောစားသောက်ကုန်များတွင် ထည့်သွင်းအသုံနေကြသည့် ဓါတုဆိုးဆေးနှင့် ဓါတုဆေးများအကြောင်း၊ အစားအသောက်ခွင့်ပြုချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်နိုင်ပြီး အစားအသောက်များတွင်ပါဝင်သော   ပစ္စည်းများနှင့်အဟာရအကြောင်း အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်ရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာ ရွေးချယ်ဝယ်ယူရန်၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်ရန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကိုရေဖြင့်သေချာစွာ ဆေးကြောပြီးမှစားရန်၊ ပလတ်စတစ်အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန် ဟောပြော ပို့ချခဲ့ပြီး ကျောင်းသူ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသောစားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန်ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)