ဓနုဖြူမြို့ အမှတ်-၂ အ.ထ.က ရွှေကူကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၂၄.၈.၂၀၂၂) နေ့ လယ် (၁၃:၀၀) အချိန်တွင် ဓနုဖြူမြို့  အမှတ်-၂ အ.ထ.က ရွှေကူကျောင်းအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ကြပါသည်။

          အဆိုပါအသိပညာပေး ဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်၍ နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေးအရ အရေး ယူခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)