မြင်းခြံခရိုင်ရုံးတွင် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၊ (၁၅:၀၀)နာရီချိန် မြင်းခြံခရိုင် စားသုံးသူရေး ရာဦးစီးဌာန၌ မြို့နယ်အတွင်းရှိ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

               ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ဆွေးနွေးပြောကြားရာတွင် MSMEလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး MSMEလုပ်ငန်းများတွင် အသုံးပြု ရမည့် စားအုန်းဆီ များအား လုပ်ငန်းရှင်များ လျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံး ပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင်ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူ၊ ရောင်းချ၊ သုံးစွဲခွင့်မရှိပါကြောင်း၊လုပ်ငန်းရှင်များ၏လစဉ် စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြစေရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)