မိတ္ထီလာမြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ လုပ်ဆောင်လျှက်ရှိရာ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၃  ရက်နေ့ (၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှုး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့် အဖွဲ့သည် မိတ္ထီလာမြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရှိမှ မုန့်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ    ပြဌာန်းချက်များအရ ဥပဒေ အခန်း (၉) ပါ စားသုံးသူ၏ အခွင့်အ‌ရေးနှင့်တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စျေးကွက်အတွင်းရောင်းချနေသော ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/မရှိကို ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဆိုင်ရှင်များသို့ အသိပေးပြောကြား စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)