ကျိုက်လတ်မြို့၊ ဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်ပက်သက်၍ ဆွေးနွေး

Powered by Drupal

      ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်ပိုင်ရှင်များ အသင်းရုံး၌ ဆန်/စပါး သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ သိုလှောင်ရုံများတွင် ဆန့်ဝင်အင်အားထက်ပိုသိုလှောင်ပါက အရေးယူမည်ဟူသော ကောလဟာလ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း၊ စပါးတင်း ၂၅၀၀ နှင့် အထက်၊ ဆန်အိတ် ၅၀၀ နှင့် အထက် ဆံ့ဝင်သည့် သိုလှောင်ရုံများသာ တရားဝင်မှတ်ပုံတင် ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီးသော သိုရုံများတွင် တစ်လတစ်ခါ ရ/ထုတ်/လက်ကျန် စာရင်းများ တင်ပေးကြရန်နှင့် လိုင်စင်ရပြီး သိုလှောင်ရုံများ အနေဖြင့် သက်တမ်းတိုးစနစ်ဖြင့် ဆက်လက်မှတ်ပုံတင်ထားရှိနိုင်ကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့မှု အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)