
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊(၄.၈.၂၀၂၅) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး သည် ကောင်းလျှံနယူးအေးရှား ကုမ္ပဏီမှ ဆီခွဲတမ်းရရှိသည့် ကိုယ်စားလှယ် ဦးကျော်မင်းခိုင်၏ စားသုံးဆီလက်လီဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စားသုံးဆီလက်လီရောင်းချရာ တွင် ရပ်ကွက်(၁) ၊ ရပ်ကွက် (၂) ၊ ရပ်ကွက် (၃) အတွင်းနေထိုင်သော အိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် အလေးချိန်မှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
DOCA(ဧရာဝတီ)