
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး သည် (၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဦးအောင်ကိုကိုဆန်း၏ နေယု ဆန်စက်သို့ သွားရောက်၍ ဆန်စက်မန်နေဂျာဖြင့်တွေ့ဆုံ၍ Myro မှတ်ပုံတင်ထားရှိသော်လည်း စပါးအဝယ်စာရင်း၊ စပါးကြိတ်စာရင်း၊ စပါးလက်ကျန်စာရင်းများကို လစဉ်တင်ပြရန်၊ ဆန်လက်ကျန် အခြေအနေ၊ ဈေးနှုန်း၊ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ စပါးအမျိုးအစားအလိုက် လက်ကျန် အခြေအနေ၊ စပါးခွံလောင်စာကုန်ကြမ်းအခြေအနေတို့ကို ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)