၂၂.၈.၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင်အတွင်းရှိ ညောင်လေးပင်မြို့ ၊ ဒိုက်ဦးမြို့ ၊ ကျောက်တံခါးမြို့များရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အဆိုပါ မြို့နယ်များရှိ စက်သုံးဆီ ရောင်းချသော အရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီ ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စက်သုံးဆီ အရောင်းဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချသွားရန် ၊ စက်သုံးဆီများ ပြတ်လပ်မှုရှိပါက အချိန်မှီ သတင်းပေးပို့ သွားရန် ၊ အရည်အသွေးနှင့် အလေးချိန် မှန်ကန်မှုရှိစေရေးတို့အား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)