
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဩဂုတ် ၃ရက်နေ့တွင် ကျင်းပပြုလုပ်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ဒုတိုင်းဦးစီးမှူးနှင့်သက်ဆိုင်ရာများ ဧရာဝတီကုန်သည်စက်မှုလက်မှုဥက္ကဋ္ဌနှင့် တိုင်းအတွင်းရှိ စီးပွားရေးအသင်းအဖွဲ့များ စီးပွားရေးလုပ်ငန်းရှင်များ ရာဘာ၊သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ စပါးစိုက်တောင်သူများ ကြိမ်၊ဝါး၊ဗေဒါလုပ်ငန်းရှင်များ၊ ငါး၊ပုဇွန်၊ဝက်မွေးမြူရေးလုပ်ငန်းရှင်များ ပဲစိုက်တောင်သူများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ဆီစက်များတည်ဆောက်နိုင်ရေး MSME ကဏ္ဍများအဆင့်မြှင့် ပြည်ပတင်ပို့နိုင် ရေးဆွေးနွေးပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာအသင်းအဖွဲ့များမှလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်မွေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်ကြောင်းအခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲသို့ တင်ပြဆွေးနွေးလိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။တိုင်းအတွင်းဖူလုံမှုရှိသည့်အပြင်ဆီဖူလုံမှုရှိစေရေး၊ ပဲအထွက်နှုန်းကောင်းရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း လုပ်ငန်းရှင်များမှ တင်ပြလို သည်များလိုအပ်ချက်များကိုစာဖြင့်ရေး၍ တင်ပြစေလိုကြောင်းဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ပါသည်။
( DOCA ဧရာဝတီ)