ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှု

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆီထွက် သီးနှံ ဖြစ်သည့် မျိုးနေကြာများအား မိုးသီးနှံအဖြစ် စိုက်ပျိုးထားရှိပါသည်။  

          ဇီးကုန်းမြို့နယ်တွင် မိုးသီးနှံ မျိုးနေကြာ စိုက်ဧက (၁၅) ဧကအား ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာခွဲ (၉) ရွာ၊ တောင်သူ ၁၁ ဦးမှ ဇွန်လဒုတိယအပတ်ခန့်တွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် အဖူးအပွင့်များ ပွင့်နေပြီးဖြစ်ပါသည်။ မျိုးနေကြာများမှာ  ဆင်းရွှေကြာနေကြာမျိုးများဖြစ်၍  စိုက်ပျိုးပြီး ၄၅ ရက်တွင် အဖူး၊ အပွင့် များပွင့်ပါသည်။  ရက်ပေါင်း ၉၀-၉၅ ရက်တွင် ခူးဆွတ်ရသည်ဖြစ်ကြောင်းကို  စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်း တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

          ဆောင်းသီးနှံ စိုက်ပျိုးမှုအနေဖြင့်  လျာထားစိုက်ဧက (၂၇၆၀) ဧက ၊ သီးသန့် ဧက (၁၄၄) ဧက ၊ သီးညှပ် ဧက (၂၆၁၆) တို့ကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းသီးနှံစိုက်ပျိုးရာတွင် စပ်မျိုးနေကြာမျိုးကိုလည်း စိုက်ပျိုးရန် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)