သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမှု

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်အိတ်များကို ၁၅.၈.၂၀၂၂ ရက် နေ့မှ စတင်၍ ရောင်းချခဲ့ပါကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချရာတွင် (၁၅.၈.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့နယ်ရှိ ရပ်ကွက်အတွင်းသို့ ဆန်အိတ် ၃၀ နှင့် ၁၆.၈.၂၀၂၂ ရက်နေ့တွင် အိတ်၂၀  ၊ လူတစ်ဦးလျှင် ၂ ပြည်နှုန်းဖြင့် လှည့်လည် ရောင်း ချပေးခဲ့ပါသည်။ သာယာဝတီမြို့နယ်အတွင်းရှိ  ရပ်ကွက်များတွင် ဆန်အိတ်၅၀ ကို ၁၅.၈.၂၀၂၂ ရက်နေ့မှ (၁၆.၈.၂၀၂၂) ရက်နေ့ထိ အလှည့်ကျ ရောင်းချပေးခဲ့ပါသည်။ မင်းလှမြို့နယ်တွင် (၁၇.၈.၂၀၂၂) ရက်နေ့မှစ၍ ဆန်အိတ် (၁၀၀) အိတ်အား စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း နှင့် သာယာဝတီ ခရိုင်အတွင်းရှိ ကျန်ရှိနေသော မြို့နယ်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)