ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များ လှုမှုစီးပွားဘဝတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာခွဲ ၂၇၇ ရွာအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျေးရွာ ၄၀ အား ( ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်) လများတွင် သက်ဆိုင်ရာဌာနများမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ယခု သြဂုတ်လ ပထမပတ် (၅) ရက်နေ့မှစ၍ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၀ ရွာအနက် အုပ်စု ၄ အုပ်စု၊ ကျေးရွာ ၄ ရွာတို့မှ တောင်သူ ၂၀၁ ဦးတို့အား သက်ဆိုင်ရာ ဌာနများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှ ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များ အကြောင်း၊ ဌာန၏ သမိုင်းကြောင်းများ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အချက်များ၊ စားသုံးသူ အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှ ဝယ် ယူသုံးစွဲကြရန် နမူနာပစ္စည်းများဖြင့် တစ်ချက်ချင်းရှင်းပြခဲ့ပြီး နစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည့် အကြောင်းများ၊ ပြည်တွင်းကုန်သွယ်မှု အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါး တောင်သူအများဆုံးသုံးစွဲသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စပါး၊ ပဲနှမ်း၊ ဆန် စသည်ဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို နေ့စဉ်အပတ်စဉ် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် ရသည့်အခြေအနေများကို ပြောကြားခဲ့ပြီး တောင်သူများအနေဖြင့် ပြည်တွင်းဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကိုလည်း စိုက်ပျိုးကြရန်နှင့် ဆီစားသုံးမှုများလျှင် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများအကြောင်းနှင့် ဆက်စပ်ပြီးဖြစ်လာနိုင်သည့် ကျန်းမာရေး အန္တရာယ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)