စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ လာရောက်လေ့လာသည့် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို (၁၉.၈.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀: ၀၀)နာရီအချိန်တွင် ဟောပြောခဲ့ပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC များတွင် တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်း ဟောပြောပါသည်။
ဟောပြောပွဲသို့ စာကြည့်တိုက်သို့ လာရောက်လေ့လာသူ ကျောင်းသားကျောင်းသူ မြို့မ (၁)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၄ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)