ပန်းတနော်မြို့နယ် ပြည်တွင်းထုတ် ခေါက်ဆွဲခြောက်၊ ကြာဆံ ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်း စစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ပြည်တွင်းထုတ် ခေါက်ဆွဲခြောက်၊ အာဟာရဖြည့်စွပ်အစာ၊ အပါအဝင်အခြားစားသုံးကုန်ပစ္စည်းများကို (၁-၈-၂၀၂၅) နေ့လယ် (၁၃:၃၀)အချိန်က အနောက်ပိုင်းရပ်ကွက် ကုန်စုံဆိုင်များအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသည်စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများကုန်ညွှန်းအမှတ် ပြည့်စုံမှန်ကန်စေရေးနှင့် ကုန်ထုတ်လုပ်ခွင့်ဆိုင်ရာထောက်ခံချက်များရှိ မရှိကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်အုပ်စု ၈မျိုး မြန်မာလို ကုန်အညွှန်းဖော်ပြရာတွင် လွယ်ကူစွာ ဖော်ပြရန် ညွှန်ကြားချက် (၂/၂၀၁၉) ကို ရှင်းလင်းခြင်း၊ သက်တမ်းလွန် ခြေက်ဆွဲခြောက်ထုတ်များရောင်းချခြင်း မပြုရန်၊ ထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ိမရှိကို စျေးကွက်အတွင်းစောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

  ယင်းကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)