တောင်ငူခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်များမှ ဆန်ကုန်သည်များပူးပေါင်း၍ အခြေခံလူတန်းစားအား သက်သာသောနှုန်းထားဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆန်ကုန်သည်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ရေတာရှည်မြို့ အမှတ်(၁)ရက်ကွက်နှင့် အမှတ်(၂)ရပ်ကွက် တို့တွင် ဆန်အိတ် ၁၂ အိတ်ကို လည်းကောင်း၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် တောင်ငူမြို့နယ် ဆန်ကုန်သည် များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်ငူမြို့အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၁) လုံခြုံရေးရဲတပ်ရင်းတို့၌ ဆန်အိတ် ၃၆ အိတ်ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ် ဆန်ကုန်သည်များနှင့် ပူးပေါင်း၍ ထန်းတပင်မြို့ ဆိပ်ကြီးရပ်ကွက်တွင် ဆန်အိတ် ၂၅ အိတ်ကို လည်းကောင်း ရောင်းချပေးခဲ့ပါသည်။
တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၂ ပြည်နှုန်းရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနက ဆန်ကုန်သည်များနှင့် ညှိနှိုင်း၍ ဆန်ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)