“ ခရမ်းမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်ယာ စနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယအသင်းသား တောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာ များ ပေးအပ်ခြင်း အခမ်းအနားကို ခရမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင်  ဩဂုတ်လ(၁)ရက် နေ့၊ ညနေ(၁၅:၀၀)နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုအခမ်းအနားသို့ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှူး၊ စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်ခင်သန္တာအောင်က ခရမ်းမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများရှိလယ်ဧကများနှင့် တောင်သူဦးရေများအား ပေးအပ်မည့်သွင်းအားစု ဓာတ်မြေဩဇာများအား ရှင်းလင်းပြောကြားပြီး ခရမ်းမြို့နယ်ရှိကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်၍ မိုးစပါးစိုက်ပျိုးသော ကြူတောကျေးရွာတွင် တောင်သူ(၂၀)ဦး၏ လယ်ဧက (၃၀၀) ဧက၊ ဇီးဖြူပင်ကျေးရွာတွင် တောင်သူ(၄၀)ဦး၏ လယ်ဧက(၄၀၀)ဧကနှင့် ဆင်မင်းအိုင် ကျေးရွာတွင် တောင်သူ (၂၀)ဦး၏ လယ်ဧက (၃၀၀)ဧကတို့အတွက် တက်ရောက်လာသော တောင်သူကိုယ်စားလှယ်များအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)