
တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုသည် ၂၀၂၅ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်သော တိုးတက်မှုနှန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ဝန်ဆောင်မှု သွင်းကုန်နှင့်ပို့ကုန် စုစုပေါင်းမှ ယွမ် ၃.၈၉ ထရီလီယံ (ဒေါ်လာ ၅၄၄.၉ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက (၄.၈.၂၀၂၅) ရက်နေ့တွင်ထုတ်ပြန် ခဲ့ပါသည်။
အထူးသဖြင့် ဝန်ဆောင်မှု ပို့ကုန်များ ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၁.၆၉ ထရီလီယံ ရရှိခဲ့ ကြောင်းနှင့် ဝန်ဆောင်မှု သွင်းကုန်များ ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယွမ် ၂.၂ ထရီလီယံ ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေသည် ယခင်နှစ် အလား တူကာလနှင့် နှိုင်းယှဉ်ပါက ယွမ် ၁၅၂.၂ ဘီလီယံ ကျဉ်းမြောင်းသွားကြောင်း တွေ့ရပါသည်။
အသိပညာအခြေပြုဝန်ဆောင်မှုလုပ်ငန်းများသည် တိုးတက်လျက်ရှိပြီး သွင်းကုန်နှင့်ပို့ကုန် ဝန်ဆောင်မှု စုစုပေါင်း ယွမ် ၁.၅ ထရီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
ခရီးသွားဝန်ဆောင်မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အကြီးဆုံးဝန်ဆောင်မှု အမျိုး အစားဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ ယွမ် ၁.၀၈ ထရီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၁၂.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
ခရီးသွားဝန်ဆောင်မှုပို့ကုန်အနေဖြင့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ၆၈.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အချက်အလက်များအရ သိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)