
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကျောက်ဆည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၅) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ထွန်းသောက်ရေသန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှ ထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစား အလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့်လုပ်ငန်းလိုင်စင်၊အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)