အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စားသုံးသူများအနေဖြင့် စားသုံးသူအသိပညာနှင့်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ The ASEAN Consumer Online Distance Learning Tools (E-learning modules) ကို မိတ်ဖက်အဖွဲ့အစည်းဖြစ် သည့် GIZ ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး တတိယအကြိမ် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ E-learning modules တွင် အောက်ဖော်ပြပါ ခေါင်းစဉ်များ ပါဝင်ပါသည်-
(က) Understanding Consumer Issues
(ခ) Becoming a Consumer Champion
(ဂ) Building a Consumer Movement
(ဃ) Mediating Disputes
ဝင်ရောက်လေ့လာလိုသူများအနေဖြင့် http:// www. aseanconsumer . org တွင် Register ပြုလုပ်၍ အခမဲ့လေ့လာနိုင်ပါသည်။
Source : DOCA (ASEAN)