
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးသည် မြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင်(၇-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဓနုဖြူမြို့နယ်ရှိ ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက် လုပ်ငန်းရှင် (၂၀)ဦးခန့် အား My RO မှတ်ပုံတင်နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ဝန်ကြီးချုပ်မှ နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းရာတွင် တောင်သူတစ်ဦးမှ မှတ်ပုံတင်ရန်သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း သိုလှောင်ခြင်းပြုပါက အရေးယူခံရနိုင် ကြောင်း တင်ပြလာမှုအပေါ် မဟုတ်မမှန်သတင်းလွှင်ခြင်းများဖြစ်ပေါ်နေသဖြင့် တောင်သူနှင့် လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေး ခြင်းဖြစ်ကြောင်း၊ ပန်းတနော်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၄၄)လုံး မှတ်ပုံတင် ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ကြရန်၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင် များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)