သထုံခရိုင်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

Powered by Drupal

         သထုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၄.၈.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်အား Online မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး မှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင် ပါဝင်သော စကားရပ်များ၏ အဓိပ္ပါယ်၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် (၇)ချက်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် (၅)ချက်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် အခြေအနေများအား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)