
မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းများရှိသလို၊ မြစ်ချောင်းများမှ ဒေသထွက် မြစ်ငါးမျိုးစုံ ဖမ်းယူရရှိပြီး ဒေသတွင်းရောင်းချသလို ၊ ရန်ကုန်တင်ပို့မှုများလဲရှိသည်။ ငါးများမှ ငါးဥများကိုလည်း သီးသန့်ရောင်းချသူများလည်း ရှိသည်။
မအူပင်မြို့နယ် ငါးဥရောင်းချသူများရှိ၍ ငါးဥဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင် ၁၇၀၀၀ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ငါးဥရောင်းချသူများသည် တစ်နေ့လျှင် ပိဿာချိန် ၃၀-၅၀ ထိမှာယူရောင်းချရကြောင်း ယခင် ဇွန်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ၃၀၀၀ကျပ် ဈေးကျဆင်းကြောင်း၊ ငါးဥ ရှားပါးချိန်တွင် ဈေးကောင်း၍ ငါးဥများများ ထွက်ရှိချိန် ဈေးအသင့်အတင့် ရရှိကြောင်း ငါးမျိုးစုံရောင်းချသူထံမှ သိရသည်။ ငါးဥများကို ရန်ကုန်တင်ပို့မှု အနည်းငယ်သာရှိ၍ စီးပွားဖြစ်တင်ပို့ခြင်း မရှိကြောင်း၊ ရန်ကုန်သို့ တစ်ပါတ်လျှင် ၃ကြိမ် ၁ခါရေခဲပုံးဖြင့် တင်ပို့ပါက ပိဿာ ၅၀သာ ထမင်းဆိုင်ရောင်းချသူများထံ ပေးပို့ကြောင်း ၊ ရန်ကုန်တင်ပို့ဈေးနှုန်းမှာ ၁ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် တင်ပို့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)