ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများမြင့်တက်

Powered by Drupal

        ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍  ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ သိရှိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် ဩဂုတ်လ လဆန်းပိုင်းတွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ ပန်းဖူး (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အေးနေခဲ့ပြီး၊ ဩဂုတ်လ စတုတ္ထပတ်တွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင်၁၁၅၀၀၀ကျပ်၊ ပန်းဖူး (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေသော်လည်း စိုက်ပျိုးချိန်ကာလဖြစ်သဖြင့် အရောင်းအဝယ်များ ပုံမှန်ထက် ကောင်းမွန်နေကြောင်း သိရပါသည်။  

DOCA(စစ်ကိုင်း)